စာရေးသူ

အားလုံးမြင်နိုင်ရန်
Poh Fang Chia

ဖိုးဖန်ချီယာ

ဖိုးဖန်ချီယာ (Poh Fang Chia)သည် ဘာသာစကားနှင့်ပတ်သက်သော အတတ်ပညာရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပါ။ သူမ အနှစ်သက်ဆုံးမှာ ဓာတုဗေဒပညာရပ် ဖြစ်ခဲ့သည်။ သူမ၏ရည်မှန်းချက်ကို ပြောင်းလဲစေခဲ့သည်မှာ အသက်(၁၅)နှစ် အရွယ်၌သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့ခြင်းဖြစ်ပြီး အသက်တာများကို ထိတွေ့ပြောင်းလဲစေမည့်စာအုပ်များ ဖန်တီးလိုကြောင်း သခင့်ထံဆက်ကပ်ခဲ့သည်။ ဆရာမသည် စင်္ကာပူနိုင်ငံရှိ Our Daily Bread Ministries ရုံး ၌ အင်္ဂလိပ်ဘာသာ အကြောင်းအရာတီထွင်မှု၏ ဒါရိုက်တာအဖြစ် သာမက တရုတ်ဘာသာ စာတည်းဖြတ်ခြင်းကို ပြန်လည်သုံးသပ်သည့် ကော်မတီ၏ အဖွဲ့ဝင်အနေနှင့်လည်း တာဝန် ထမ်းဆောင်နေပါသည်။ “ကျမ်းစာလေ့လာပြီး အတွေး အမြင်သစ်ကို ဖြစ်စေတဲ့ ကျမ်းပိုဒ်ကို ရှာရတာ၊ ကျွန်မစိတ်ထဲမှာ သိချင်တဲ့အဖြေကိုရှာရတာ၊ ဘဝပြဿနာရဲ့အဖြေရှာရတာ ပျော်တယ်။ သမ္မာကျမ်းရဲ့ လက်ရှိအနေ၌ သက်ဝင်လှုပ်ရှားမှုနှင့် ဘဝအသက်တာကို ပြောင်းလဲစေတဲ့ တန်ခိုးတော်ကို စာဖတ်သူတွေ တုံ့ပြန် ခံယူနိုင်ပါစေလို့ ဆုတောင်းပြီး စာရေးပါတယ်” ဟု ဆိုသည်။

စာမူ/ အကြောင်းအရာ များ ဖိုးဖန်ချီယာ

အပြုသဘောဆောင်သော ထပ်တလဲလဲပြောဆိုမှု

ဂျာနယ်သမားတစ်ဦး၌ ဘောပင်မှင်အပြာကိုမသုံးသည့် တစ်မူထူးသောအကျင့်တစ်ခု ရှိသည်။ သို့နှင့် သူ့မိတ်ဆွေက စတိုးဆိုင်မှဘာဝယ်ပေးခဲ့ရမလဲဟုမေးရာ သူက"ဘောပင်
ဝယ်ခဲ့ပေးပါ။ ဒါပေမယ့် အပြာမဟုတ်ဘူးနော်။ ငါက ဘောပင်မှင်အပြာရောင်ကို မလိုချင်ဘူး။ အပြာရောင်ကို မကြိုက်ဘူး။ အပြာဆိုတာ သိပ်လေးလံလွန်းတယ်။ ကျေးဇူး ပြုပြီး မှင်စိုဘောပင် ၁၂ ချောင်းဝယ်ခဲ့ပေး။ အပြာမဟုတ်ရင် ပြီးရော" ဟု ပြောလိုက်သည်။ နောက်တစ်နေ့တွင် သူ့ မိတ်ဆွေဝယ်လာပေးသော ဘောပင်များမှာ အားလုံးအပြာ
ဖြစ်နေသည်။ သို့နှင့် အကြောင်းရင်းကိုမေးရာ "မင်းက အဆက်မပြတ် အပြာအပြာနဲ့ ပြောနေတော့ အဲဒီ စကားလုံးက
ငါ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားတာပေါ့" ဟု ပြန်ဖြေ သည်။ ဂျာနယ်သမား၏ ထပ်ခါထပ်ခါပြောသောစကားက အကျိုးသက်ရောက်မှု ရှိသည်။ သို့သော် သူလိုချင်သော အရာကိုဖြင့် မရခဲ့ပါ။
ဣသရေလလူတို့အတွက် ပညတ်တရားများ ချမှတ် ပေးသူ မောရှေသည်လည်း…

အဘွား၏ ချက်နည်းပြုတ်နည်း

မိသားစုအတော်များများတွင်  ဟင်းလျာတစ်ခွက်ကို  အလွန်အရသာရှိအောင်  အထူးချက်ပြုတ်သည့်နည်း၊  လျှို့ဝှက်ဟင်းချက်နည်းတစ်ခုရှိကြသည်။  ကျွန်မတို့  ဟာ့ကာစ် တရုတ်လူမျိုးစုများအတွက်  ပေသီးပုံသဏ္ဌာန်ရှိသောကြောင့်  ပေသီးဟင်းဟု  အမည်ပေးထားသည့် ရိုးရာဟင်းတစ်ခွက်ရှိသည်။ ထိုဟင်းကို သင်မြည်းကြည့်သင့်သည်။ အမှန်ပင် အဘွားတွင်  အကောင်းဆုံးဟင်းချက်နည်းရှိသည်။  တရုတ်နှစ်သစ်ကူး၌  မိသားစုမိတ်ဆုံညစာစားပွဲတွင် "ဒီဟင်းကို  ဘယ်လိုချက်ရတယ်ဆိုတာ  သင်ထားသင့်တယ်" ဟု ကျွန်မတို့အချင်းချင်းပြောဖြစ်ကြသော်လည်း  အဖွားကို တစ်ခါမျှ မမေးဖြစ်ပါ။ ယခု အဘွားမရှိတော့ပါ။ သူမ၏လျှို့ဝှက်ဟင်းချက်နည်းက သူမနှင့်အတူပါသွားလေပြီ။ ကျွန်မတို့အဘွားကိုသတိရပြီး  သူ့ဟင်းချက်နည်းကိုဆုံးရှုံးရသည်မှာ  ၀မ်းနည်းစရာပါ။  သို့သော်  ကျွန်မတို့ရရှိထားသည့်  ယုံကြည်ခြင်းအမွေအနှစ်ကို  ထိန်းသိမ်းရန်  ပျက်ကွက်ခဲ့ပါက ပို၍၀မ်းနည်းစရာကောင်းပါလိမ့်မည်။ မျိုးဆက်တိုင်းကနောက်မျိုးဆက်သစ်အား  ဘုရားသခင်၏  တန်ခိုးကြီးသောအမှုအရာများကို  လက်ဆင့်ကမ်းရန်  ကိုယ်တော်အလိုရှိခဲ့သည်။" အမှုတော်တို့ကို  လူမျိုးအဆက်ဆက်တို့သည်ချီးမွမ်း၍၊  တန်ခိုးတော်များကို  ဟောပြောကြပါလိမ့်မည်"  (ဆာလံ  ၁၄၅း၎)ဟု  မောရှေ၏ညွှန်ကြားချက်ကို ဆာလံဆရာက ထပ်မံ ထင်ဟပ်ပြောခဲ့သည်။ ကယ်တင်ခြင်းကို  ကျွန်မတို့မည်ကဲ့သို့လက်ခံရရှိခဲ့သည်၊  စိန်ခေါ်မှုများနှင့် ကျွန်မတို့ ရင်ဆိုင်ရသောအခါ…

ယုံကြည်ခြင်းအသံ

ကြားလိုက်ရသောသတင်းကြောင့် အာရုံများ တုံ့ဆိုင်းသွားသည်။ ထိန်းမရနိုင်ဘဲ မျက်ရည်များ ဒလဟော စီးကျလာသည်။ စိတ်၌ မေးခွန်းများစွာ ထွက်ပေါ်လာပြီး ကြောက်ရွံ့ခြင်းက သူမကို လွှမ်းမိုးခဲ့သည်။ ဘ၀တစ်လျှောက်လုံး အဆင်ပြေလာခဲ့ပြီးမှ ကြိုတင်သတိပေးခြင်းမရှိဘဲ ရုတ်တရက် အနှောင့်အယှက် အဟန့်အတား ၀င်ရောက် လာကာ ထာဝရပြောင်းလဲသွားခဲ့သည်။
ဆိုးရွားသော ဒုက္ခအဖြစ်အပျက်တို့သည် ပုံသဏ္ဌာန်
အမျိုးမျိုးနှင့် လာနိုင်သည်။ ချစ်ခင်ရသူများဆုံးပါးသွားခြင်း၊ စည်းစိမ်ဥစ္စာ (သို့) အသက်မွေးမှု အလုပ်အကိုင်များ ဆုံးရှုံး ရခြင်း စသည်ဖြင့် ဤအချင်းအရာသည် အချိန်မရွေး၊ မည်သူ၌ မဆို ဖြစ်ပေါ်နိုင်သည်။ ပရောဖက် ဟဗက္ကုတ်ပင်လျှင် ဤဆိုးရွားသော ဒုက္ခအဖြစ်အပျက်များလာမည်ကို ကြိုသိ ထားလည်း သူ့စိတ်၌ ကြောက်ရွံ့နေခဲ့သည်။ ယုဒပြည်ကို ဗာဗုလုန်က သိမ်းပိုက်မည့်နေ့ရက်ကို စောင့်နေစဉ် သူ့ နှလုံးသားသည် တဒုန်းဒုန်းဆောင့်လျက်၊ သူ့နှုတ်ခမ်းလည်း ကတုန်ကရင် ဖြစ်လျက်၊ သူ့ခြေတို့သည် ယိုင်နဲ့လျက်…

သခင်အကြောင်းပြန်လိမ့်မည်။

ကျွန်ုပ်နှစ်သက်သော ကိုးရီးယား ရုပ်ရှင်မင်းသမီး၏အင်တာနက် Twitter စာမျက်နှာကို ကြည့်ပြီး အပျော်လွန်ကာ သူမထံစာရေးရန် ဆုံးဖြတ်လိုက်သည်။ အကောင်းဆုံး အလှပဆုံးဖြစ်အောင် စာစီ၍ ပို့လိုက်ပြီး ပြန်စာကို စောင့်စားနေခဲ့သည်။ ပြန်စာရမည်ဟု လည်းမထင်ပါ။ သူ့လို နာမည်ကြီးသူတစ်ဦးက နေ့စဉ် မရေမတွက်နိုင်သော အီးမေးလ်များ
ရရှိပေမည်။ သို့ငြားလည်း ပြန်စာကို မျှော်လင့်နေမိသည်။ သို့သော် ကျွန်မသာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။
ကျွန်ုပ်တို့အား ဘုရားသခင်က အဖြေပေးကြောင်း ကျွန်ုပ်သိ၍ ကျေးဇူးတော်ပါ။ ဘုရားသခင်သည် ‘‘အမြင့်ဆုံး သောဘုရား’’၊ ‘‘အနန္တတန်ခိုးရှင်’’ ဖြစ်ပေသည် (ဆာ ၉၁း၁)။
ချီးမြှောက်ခြင်း ခံထိုက်သူ၊ သူ့တန်ခိုးသည် အတိုင်းအဆမဲ့ ကြီးမားသော်ငြားလည်း ကျွန်ုပ်တို့ သူနှင့်ဆက်သွယ်နိုင်ပေသည်။ ဘုရားသခင်က ‘‘ငါ့ကို ခေါ်သောအခါ ငါထူးမည်’’ (း၁၅) ဟူ၍ ခေါ်ဖိတ်ထားပါသည်။
ဒဏ္ဍာရီပုံပြင် တစ်ပုဒ်ထဲတွင် ဧက္ကရာဇ်ဘုရင်တစ်ပါးသည် ချည်ထိုးပန်းထိုး…

မသိကျိုးကျွံပြုခြင်း

လှပသော စာရီများဝတ်ဆင်ထားသည့် အမျိုးသမီးများက ရန်ပုံငွေ ရှာဖွေခြင်းပွဲအတွက် နောက်ဆုံးလက်စသတ်ကာ သွက်လက်စွာ လုပ်ကိုင်နေကြသဖြင့် အခန်းမှာ နှစ်သက်ဖွယ် အရောင်အမျိုးမျိုးနှင့် ခမ်းနားလှသည်။ ထိုအမျိုးသမီးများမှာ ယခင်က အိန္ဒိယနိုင်ငံမှ ဖြစ်ပြီး ယခုအမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြသည်။ သို့သော် သူတို့၏တိုင်းပြည်ကို
မမေ့ပါ။ အိန္ဒိယရှိ  အထီးကျန်စိတ်ဝေဒနာရှင် ကလေးများ အတွက် ဖွင့်လှစ်ထားသည့် ခရစ်ယာန်ကျောင်းတစ်ခုမှ ငွေကြေး အခက်အခဲရှိသည်ဟု ကြားရသဖြင့် အကူအညီ လိုသူများအတွက် ကြားရုံသိရုံ မဟုတ်ဘဲ နှလုံးသားဖြင့် ကိုယ်ချင်းစာလျက် တုံ့ပြန်လုပ်ဆောင်ကြသည်။
နေဟမိသည် ထိုခေတ်အချိန်က တန်ခိုးအာဏာ အရှိဆုံး ပုဂ္ဂိုလ်(ဘုရင်)၏ယုံကြည်စိတ်ချမှုကို ရရှိပြီး ဘုရင့်
ဖလားတော်ကိုင်ရသူဖြစ်သည်။ သို့သော်  အေးဆေးသက်သာ ကောင်းစားသောဘ၀က သူ့လူမျိုးချင်းအပေါ် မစာနာ လျစ်လျူရှုရန် အခွင့်မပေးခဲ့ပေ။ ယေရုရှလင်မြို့နှင့် မြို့၌ နေထိုင်သူများ၏အခြေအနေကို သိရှိရန် ယေရုရှလင်မှလာသောသူများထံမှ စနည်းနာ ခဲ့သည် (နေ…

ဘုရားသခင်အား ဆာငတ်တောင့်တခြင်း

A-poe-la-pi ဆိုသူ Akha တောင်ပေါ် လူမျိုးနွယ်စု၏ အကြီးအကဲသည် တရုတ်ပြည် ယူနန် ပြည်နယ် တောင်တန်းဒေသတွင် နေထိုင်သည်။ မကြာသေးမီက ဧ၀ံဂေလိ ခရီးစဉ်တွင် သူ့ထံသို့ ကျွန်ုပ်တို့သွားရောက်ခဲ့ရာ သူက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အပတ်စဉ် ပြုလုပ်သော ကျမ်းစာလေ့လာခြင်းအစီအစဉ်ကို မသွားရောက်နိုင်ခဲ့ကြောင်း ပြောပြသည်။ ထိုကြောင့် ကျွန်ုပ်အား ‘‘ဘုရားနှုတ်ကပတ်တော်ကို ပြောပြ ဝေငှပေးပါလား’’ ဟု တောင်းပန်သည်။
A-poe-la-piသည် စာမတတ်ခြင်းကြောင့် အပတ်စဉ် ကျမ်းစာလေ့လာခြင်းသည် သူအတွက် အလွန်အရေးပါသည်။ သူ့ကို ကျမ်းစာဖတ်ပြသောအခါ အာရုံစူးစိုက်ပြီး နားထောင်
သည်။ သူ၏စိတ်အားထက်သန်မှုက  ဘုရားသခင် မှုတ်သွင်း ထားသော နှုတ်ကပတ်တော်ကို သေချာစွာ နားထောင်သော အခါ ဘုရားကို ချီးမြှောက်ခြင်းဖြစ် ကြောင်း သတိရစေပါသည်။
တရားဟောရာကျမ်း ၄း၁ တွင် မောရှေက ဣသရေလ
လူမျိုးများအား သူတို့ကျင့်စရာဖို့…

နူးညံ့သိမ်မွေ့သောအလင်း

ဝမ်ရှောင်ရင်သည် တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကျေးလက်ဒေသတွင် နေထိုင်သည်။ ကျန်းမာရေးကြောင့် လယ်ယာလုပ်ငန်းကို သူ့ခင်ပွန်း မလုပ်ကိုင်နိုင်သောအခါ မိသားစု စားဝတ်နေရေး ခက်ခဲတော့သည်။ သူ့ယောက္ခမက ဤသို့ ဒုက္ခအခက်အခဲ တွေ့ရခြင်းမှာ ရှောင်ရင် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့်ဟု တွေးသည်။ ထို့ကြောင့် ရှောင်ရင် အား
ဆိုးရွားစွာ ပြောဆိုဆက်ဆံကြပြီး ရှေးဘိုးဘေးတို့၏ ရိုးရာ ကိုးကွယ်မှုကို ပြန်ကိုးကွယ်ရန် သူ့ကို တိုက်တွန်းသည်။
သို့ရာတွင် ရှောင်ရင်၏ခင်ပွန်းသည် ပြောင်းလဲလာ သော သူမအသက်တာကိုကြည့်ပြီး ‘‘အမေ၊ ရှောင်ရင် တစ်ယောက်တည်း ဘုရားသခင်ကို ယုံကြည်ရုံနဲ့ မလုံလောက်ဘူး။ ကျွန်တော်တို့လည်းပဲ ဘုရားသခင်ကို ယုံကြည်သင့်ပြီ’’ ဟုပြောသည်။ ဇနီးသည်၏ သိသာသော အသက်တာ ပြောင်းလဲမှုကြောင့် သူသည်လည်း ယခု ယေရှု၏ ဧ၀ံဂေလိ သတင်းကောင်းကို စဉ်းစားလာပြီဖြစ်သည်။
ကျွန်ုပ်တို့၏ပြောစကားကို နားမထောင်မီ ကျွန်ုပ်တို့…

ငါ့အပူ မဟုတ်

လူတစ်ဦးသည် ကိစ္စအားလုံးအတွက် တစ်ချိန်လုံး စိုးရိမ်ပူပန်နေသည်။ တစ်နေ့တွင် သူ့မိတ်ဆွေတစ်ဦးက သူ့အား လေတချွန်ချွန်နှင့် စိတ်အေးလက်အေးရှိနေသည်ကို တွေ့၍ ``ဘာများဖြစ်တာလဲ´´ဟု သူ့ကို အံ့သြတကြီးနှင့် မေးလိုက်သည်။
``ငါ့အစားပူပန်ပေးဖို့ ငါလူတစ်ယောက်ကို ငှားထားတယ်´´
``မင်းသူ့ကိုဘယ်လောက်ပေးရလဲ´´ ``တစ်ပတ်ကို ဒေါ်လာနှစ်ထောင်နဲ့လေ´´
``မင်း ဘယ်က ပိုက်ဆံနဲ့ပေးတာလဲ´´ ``ငါ မပေးနိုင်ပါဘူး။ အဲဒါ သူပူရမယ့်ကိစ္စလေ´´
စိတ်ဖိစီးမှုများကို ဤသို့ ဟာသဆန်ဆန် ဖြေရှင်းရန်မှာ လက်တွေ့ဘ၀၌ မဖြစ်နိုင်သော်လည်း ဘုရား သားသမီးများအနေနှင့် အရာခပ်သိမ်းကို အပြည့်အ၀ ပိုင်သ ထိန်းချုပ်ထားသူထံ မိမိ၏စိုးရိမ်ပူပန်မှုများကို ပေးအပ်နိုင် သည်။ အထူးသဖြင့် ကိုယ်တော်ထိန်းချုပ်နေသည်ဟု မခံစားရသည့်တိုင် လက်တော်သို့ အပ်နှံနိုင်သည်။
ဘုရားသခင်သည် ကြယ်များကိုထုတ်ဆောင်ပြီး ၎င်းတို့ကို နာမနှင့်ခေါ်တော် မူကြောင်း ပရောဖက်ဟေရှာယက ကျွန်ုပ်တို့ကို သတိပေးထားသည် (၄၀း၂၅-၂၆)။ ကိုယ်တော်သည် ``ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူ´´သောကြောင့် ကြယ်…

အံ့ဩဖွယ်ရာမိုး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်ကုန်းဒေသတွင် နေထိုင်သော ရွာသားများအတွက် ဘ၀သည် ကြမ်းတမ်းလှသည်။ သူတို့၏အဓိကအစာမှာ ပြောင်းနှင့်ဆန်ဖြစ်သည်။ သို့သော် ၂၀၁၂ မေလတွင် ဆိုးရွားသော မိုးခေါင်မှုဘေးနှင့် ကြုံရပြီး ကောက်ပဲသီးနှံများ ပျက်စီးခဲ့သည်။ မိုးခေါင်မှု ရပ်တန့်သွားအောင် အယူသည်း သည့်လုပ်ရပ်များစွာကို လူတို့ ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ ဘာမှ ဖြစ်မလာသောအခါ ရွာထဲရှိ ခရစ်ယာန် ၅ ဦးအား သူတို့၏ဘိုးဘွားဝိညာဉ်များကို စိတ်ကွက်အောင် လုပ်ခြင်း ကြောင့်ဟု ဝေဖန်ရှုတ်ချ အပြစ်တင်ကြသည်။
ထိုခရစ်ယာန် ၅ ဦးသည် စုရုံးလျက် အတူတကွ ဆုတောင်းခဲ့ကြပြီး မကြာမီမှာပင် မိုးညိုလာကာ မိုးချိန်းသံကို ကြားခဲ့ရသည်။ မိုးစတင်ရွာလာပြီး တစ်ညနေခင်းလုံးနှင့် တစ်ညလုံးတိုင်အောင် ရွာသွန်းခဲ့သည်။ သီးနှံပင်များအတွက် မပူရတော့ပေ။ ရွာသားအများစုက ဘုရားသခင်သည် မိုးကို ရွာသွန်းစေခဲ့ကြောင်း မယုံကြည်သော်လည်း အချို့က ယုံကြည်ပြီး ဘုရားသခင်နှင့် သခင်ယေရှု…

ဘုရားသခင် ဂရုမစိုက်လို့လား

အရက်မူးနေသည့် ယာဉ်မောင်းက မတော်တဆမှုတွင် မည်သည့်ထိခိုက်ဒဏ်ရာမှ မရဘဲ ဘာကြောင့် ခရီးသည်က အပြင်းအထန် ဒဏ်ရာရသနည်း။ သူတော်ကောင်းများ ဒုက္ခဆင်းရဲခံစားရချိန်တွင် လူယုတ်မာများက ဘာကြောင့် ကောင်းစားနေရသနည်း။ ဘ၀၌ ဖြစ်ပျက်နေသော အခြေအနေများကြောင့် “ဘုရားသခင် ဂရုမစိုက်ဘူးလား’’ ဟု သင်အော်ဟစ်မိလျက် အဘယ်မျှ စိတ်ရှုတ်ခဲ့ရသနည်း။
ဟဗက္ကုတ်သည်လည်း စက်ဆုပ်ဖွယ်ရာနှင့် မတရားမှုများ ၀န်းရံနေသည့် စိတ်ဓာတ်ကျဖွယ် အခြေအနေ များကို ယုဒပြည်တွင် မြင်ခဲ့ရသောအခါ အထက်ပါ မေးခွန်းကို မေးခဲ့သည် (ဟဗ ၁း၁-၄)။ နားမလည်နိုင်မှုကြောင့် ‘‘ဒီအခြေအနေတွေကို ဘုရား ဘယ်တော့ ပြုပြင်ပေးမှာလဲ’’ ဟု ဘုရားသခင်ကို မေးမိသည်။ ဘုရား၏အဖြေက ရှင်းပါ သည်။
ယုဒလူတို့ လမ်းမှန်သို့ ပြန်ရောက်စေရန် အလို့ငှာ
ခါလဒဲလူတို့ကို အသုံးပြုမည်ဖြစ်ကြောင်း ဘုရားသခင် မိန့်ကြား ခဲ့သည်။ ခါလဒဲလူတို့သည် ရက်စက် ကြမ်းကြုတ်မှု…